နွေရာသီ အခြေခံအားကစားနည်းသင်တန်းများ လေ့ကျင့်သင်ကြားပေး

ကြို့ပင်ကောက် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မီတာ ၄၀၀ အားကစားကွင်းတွင် ယနေ့နံနက် နာရီအချိန်ကစတင်၍ လေ့ကျင့်သင်ကြားပို့ချ ပေးလျက် ရှိသည်။

မြို့နယ်အားကစားမှူး ဦးမြင့်နိုင်က နွေရာသီကျာင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချပြီး ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများ ပါ်ထွက်လာစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် စုပေါင်းဆာင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် မလိုလားအပ်သော အတွေးအခေါ်အယူအဆများဖြင့် လမ်းမှားမရောက်စေရေးအတွက် ရည်ရွယ်၍ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျာ်ခြင်း၊ လက်ဝှေ့ ဝူရှူး စသည့်အားကစားနည်းများကို ကျွမ်းကျင်သာ အားကစားသမား နည်းပြဆရာများဖြင့် အခြေခံအဆင့်အား မတ်လ ၂၄ ရက်နေ့ အထိနှင့် ပြိုင်ပွဲဝင်အဆင့်အား ဧပြီလ ရက်နေ့အထိ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြာင်း ပြောသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)