ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆို

နေပြည်တော် မတ် ၁၀

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သင်္ချာစာဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၉၃) ဦး၊ ပျက်ကွက်သူ (၁၈၅) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၆.၅၇ ရာခိုင်နှုန်း၊ တောင်ပြိုလက်ဝဲ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၅) ဦး၊ ပျက်ကွက်သူ (၁၆) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၀.၆၈ ရာခိုင်နှုန်း၊ မောင်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၄၉) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၄.၄၃ ရာခိုင်နှုန်း၊ မြေပုံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၅၉) ဦး၊ ပျက်ကွက်သူ (၁၀၃) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၈.၀၅ ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၆၀) ဦး၊ ပျက်ကွက်သူ (၆၃) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၅.၁ ရာခိုင်နှုန်း၊ ရသေ့တောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၂၉) ဦး၊ ပျက်ကွက်သူ (၁၂၂) ဦး၊ ဂွမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၇၁) ဦး၊ ပျက်ကွက်သူ (၃၄) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၉၁.၆ ရာခိုင်နှုန်း၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၀၅) ဦး၊ ပျက်ကွက်သူ (၁၄) ဦး၊ တောင်ကုတ်မြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၅) ဦး၊ ပျက်ကွက် (၇၅)ဦး၊ ကျိန္တလီမြို့အတွင်းရှိ အ.ထ.က(ကျိန္တလီ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၆) ဦး၊ ပျက်ကွက် (၁၃) ဦး၊ သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၆၂) ဦး၊ ပျက်ကွက် (၁၀၆) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉ ရာခိုင်နှုန်း၊ မြောက်ဦးမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၇၃) ဦး၊ ပျက်ကွက် (၉၆) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၀.၀၉ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့အတွင်းရှိ အ.ထ.က(ရမ်းဗြဲ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၉၄) ဦး၊ ပျက်ကွက် (၁၁၂) ဦး၊ အမ်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၁၇) ဦး၊ ပျက်ကွက် (၃) ဦး၊ ပုဏ္ဏားကျွန်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၂၃) ဦး၊ ပျက်ကွက် (၁၈၆) ဦး၊ ကျောက်တော်မြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၂၈) ဦး၊ ပေါက်တောမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၉၈) ဦး၊ ကျောက်ဖြူမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၇၂) ဦးတို့၊ ပျက်ကွက် (၁၁၂) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၆.၁၀ ရာခိုင်နှုန်းတို့ဖြစ်သည်။

ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။