နေပြည်တော် မတ် ၁၀
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြခြင်းဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ကို ကံမမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကံမ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၀.၆၇ ရာခိုင်နှုန်း၊ မင်းလှမြို့ရှိ စာစစ်ဌာန(၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၄၆) ဦးဖြစ်ပြီး ပျက်ကွက် (၅၁) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၄၆ ရာခိုင်နှုန်း၊ မြို့သစ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၀၃) ဦး၊ ငဖဲမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၂) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၉၅.၁၁ ရာခိုင်နှုန်း၊ ပွင့်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၀၂) ဦး၊ ပခုက္ကူမြို့နယ်ရှိ စာစစ်ဌာန (၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၇၂) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၃.၅ ရာခိုင်နှုန်း၊ စလင်းမြို့နယ်ရှိ စာစစ်ဌာန(၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၈၁) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၄ ရာခိုင်နှုန်း၊ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၈၀) ဦး၊ ပျက်ကွက် (၉၀) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၉၁ ရာခိုင်နှုန်းတို့ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။