ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အချိုရည်များ ပေးဝေအားပေး

ကလေးဝ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ သင်္ချာဘာသာ ရပ်အား နံနက် ၉ နာရီမှ စတင်၍ ကျောင်းသား၊ ကျောင်းသူ ကလေးများက အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုခဲ့ကြပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကလေးဝမြို့နယ် ဌာနဆိုင်ရာများမှ အချိုရည်များ ပေးဝေအားပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ သင်္ချာဘာသာရပ်အား နံနက် ၉ နာရီမှစတင်၍ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မစိန် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၂ ခုတွင် ဖြေဆိုသူ ​ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃၃ ဦးရှိကာ ဖြေဆိုမှု ရာခိုင်နှုန်း ၈၃.၈၈ ရာခိုင်နှုန်းရှိကြောင်းလည်း သိရှိရသည်။    

ယင်းစာစစ်ဌာန ၂ ခုရှိ ကျောင်းသား၊ ကျောင်းသူကလေးများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သွားရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                         

သက်ဟန်စိုးကျော်