ဘူးသီးတောင်မြို့နယ် ဒိုင်းနက်ပြင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ဘူးသီးတောင် မတ် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာ၌ ယမန်နေ့ည (၁၂) နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာနေ ဦးကာလူ () အီစ္စမိုင်၏ ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ် မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်းနေအိမ်မှတစ်ဆင့် အနီးရှိ နေအိမ် () လုံးသို့ မီးကူးစက်လောင်ကျွမ်း ခဲ့ရာ ကျေးရွာသားများက အနီးရှိ ရေကန်မှရေဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် (၁) နာခန့်တွင် တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင်း လူနေအိမ် () လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/ တိရစ္ဆာန် ထိခိုက်/သေဆုံးမှု မရှိကြောင်း သိရပြီး အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ပေါ့ဆစွာမီးသုံးစွဲသူ ဦးကာလူ()အီစ္စမိုင်အား အမှတ် () နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ညောင်ချောင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။

လှကျော်( ပြန်/ဆက်)