မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခို လှုံရာစခန်းများသို့ သွားရောက်၍ အသိပညာဟောပြောခြင်း ၊ စာအုပ်စာစောင် ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်

မြောက်ဦး မတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်၍ အသိပညာဟောပြောခြင်း ၊ စာအုပ်စာစောင် ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကိုယနေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား  ယာယီခိုလှုံရာစခန်းသို့ သွား ရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အသိပညာဟောပြောခြင်းနှင့် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်း ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း ဦးဆောင်၍ ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများကို လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းနှင့် ကျန်းမာရေး ၊ ပညာရေး၊ စီးပွားရေး စသောအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်စသော အကြောင်းအ ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ယာယီခိုလှုံရာစခန်းမှ ပြည်သူများ  စာအုပ်စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ ကြိုက်နှစ် သက်သည့် သုတ၊ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ စိုက်ပျိုးရေးနှင့် ပတ်သတ်သော ဒို့ကျေးရွာဂျာနယ်များတို့ကို လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာထားရေးနှင့်ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသမီးကော်မတီ မှထုတ်ဝေသော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာသော ယာယီခိုလှုံရာစခန်းမှ ပြည်သူများနှင့် ယာယီခိုလှုံရာစခန်းတွင် နေထိုင်သော ပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)