ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်

ဘူးသီးတောင် မတ် ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယမနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းရင်းများ၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများအကြောင်းတို့ကို ရှင်းလင်းဟောပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေးခြင်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)