မြောက်ဦးမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် နွေရာသီကရာတေးသင်တန်း ဖွင့်လှစ်

မြောက်ဦး မတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ မြောက်ဦးမြို့၌ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက် ကာလများတွင်အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီကရာတေး အားကစားသင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ နန်းတော်ရာကုန်း၌ ဖွင့်လှစ်ပြသရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီသင်တန်းတွင် မြို့နယ် အားကစားနှင့်ကာလပညာဦးစီးဌာနမှ ကြီးမှူးကျင်းပ၍  လေးဝတီကရာတေးအသင်း သင်တန်းနည်းပြဆရာ ဦးသိန်းထွန်းဦးမှ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်များကို အားကစားနည်းများဖြစ်သော ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တင်းနစ်တို့ကို ဖွင့်လှစ်ပြသလျက်ရှိ၍ မိမိဝါသနာပါသော အားကစားနည်းများကို ရွေးချယ်ကာ တက်ရောက်လျှက်ရှိပြီး သင်တန်းကာလတွင်းလည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ  ဧပြီလ ၁၁ ရက်နေ့အထိ တစ်လ အခမဲ့ဖွင့်လှစ်ပြသလျက်ရှိကြောင်း မြို့နယ် အားကာမှူး ဦးမောင်မောင်လတ်ထံမှသိ ရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)