ရသေ့တောင်မြို့တွင် လူငယ်များအတွက် နွေရာသီ အားကစားသင်တန်းများဖွင့်လှစ်

ရသေ့တောင် မတ် ၉

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောနွေရာသီ အားကစားသင်တန်းများကိုလူ ငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကို အချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအားခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန်ရည်ရွယ်၍‌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အား/ကာမှူးဦးအောင်မြင့်သိန်းက နွေရာသီအ‌ခြေခံအားကစားသင်တန်းဖွင့်လှစ်ရခြင်းသည် အနာဂတ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့်‌ကောင်းမွန်‌သော အနာဂတ်တွင်တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အချိန်အကျိုးရှိသူများဖြစ်ကာ လမ်းမှားမရောက်စေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါနွေရားသီ အခြေခံအားကစားသင်တန်းများမှာဘောလုံး၊‌ ဘောလီဘော၊ ကရာတေးဒို၊ ပိုက်‌ကျော်ခြင်းနှင့် Physical Fitness Danceသင်တန်းများဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၅)ရက်နေ့မှ မတ်လ(၃၁)နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)