အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကျင်းပ

သံတွဲ မတ် ၉

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မေတ္တာကမ်းလက်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရီရီသန်းက အမျိုးသမီးများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပြည်ထောင်စုအဆင့်အထိ အမျိုးသမီးများ ဦးဆောင်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၎င်းတို့နေ့စဉ်လူနေမှုဘဝတွင် ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းခဲ့မှုများကို စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)