အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်သည် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်နှင့် စက်ရုံဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမန (အဘိဓဇမဟာရဋ္ဌဂုရု) အား ဖူးမြှော်ကြည်ညို

ဝါးခယ်မ မတ် ၉

အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်သည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်၊ မြို့မလမ်းရှိ အတုလဗုဒ္ဓမဟာစွယ်တော်မြတ်အား ဖူးမြှော်ကြည်ညိုခဲ့‌ကြောင်း၊ နဒီအောင်မြေရပ်ကွက်၊ ဂင်္ဂါရာမလမ်း၊ စက်ရုံဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမန (အဘိဓဇမဟာရဋ္ဌဂုရု) အားလည်းကောင်း ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သီရိဟေမာရပ်ကွက်၊ မြို့အဝင်လမ်းရှိ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ နယ်မြေတည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)