စစ်ကိုင်း မတ် ၉
စစ်ကိုင်းခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နွေးသီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားရေး အတွက် ဝန်ထမ်း/ တောင်သူ နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကား ဆွေးနွေးပြောကြားပြီး ဒုတိယခရိုင်ဦးစီးမှူးက နွေသီးနှံ(နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်း) အထွက်နှုန်းတိုးတက်မြင့်မားရေး နှမ်းစေ့ အရည်အသွေးကျဆင်းစေသည့် မှိုပါဝင်မှုလျော့နည်းစေရန်၊ ပဲတီစိမ်းသီးနှံတွင် Chemical ဓာတ် ကြွင်းကျန်ရှိမှု လျော့နည်းစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပေးကာ မြို့နယ်ဦးစီးမှူးက စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် လိုက်နာကျင့်သုံးရမည့် စိုက်ပျိုးရေး နည်းစနစ်များအား ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံက စပါးကြဲပတ်စိုက်ခင်းတွင် မြေဩဇာစနစ်တကျ သုံးစွဲရေး နည်းပညာများအားလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံက ဘက်စုံပိုးမွှားကာကွယ် နှိမ်နှင်းရေး နည်းပညာများအားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားပေးခဲ့ကြပြီး ဒုတိယဦးစီးမှူး ခေါင်းဆောင်၍ သင်တန်းအား ဆက်လက်ပို့ချပေးခဲ့ကြကာ မင်းကွန်းတိုက်နယ် တာဝန်ခံက သဘာဝ ပိုးပြေးဆေး/ ပိုးနှင်ဆေးများအသုံးပြုသုံးစွဲခြင်းကို လက်တွေ့ပြသပေးခဲ့၍ တက်ရောက်လာကြသည့် တောင်သူများအား Home Garden စိုက်ပျိုးထားရှိမှုကို တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသပေး ခဲ့ပြီး ယူရီးယားဓာတ်မြေဩဇာများကို သက်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်