ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ငါးသိုင်းချောင်း မတ် ၉

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လည်ပိုင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေး (Talk Show)များကို ရိုက်ကူး၍ online မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ  ငါးသိုင်းချောင်းမြို့၊ နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးဝင်းနိုင်က ပူးပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုမဖြစ်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အများပြည်သူ ဗဟုသုတရရှိစေရန်အတွက် အသိပညာပေးခြင်း(Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)