လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်များအား ပြုပြင်ဆင်ဆောင်ရွက်

သရက် မတ် ၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ အကောက်တဲကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရန်အတွက်  နေအိမ်များပြု ပြင်ဆင်ဆောင်ရွက်ရန်အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေများပေးအပ်ပြီး လေပြင်းဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် နေအိမ်များ ပြုပြင်ဆောင်ရွက်ခြင်းကို  ယနေ့ နံနက် (၇)နာရီက အကောက်တဲကျေးရွာမှ နေအိမ်များကို ပြု ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်များပြုပြင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့် ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များစုပေါင်း၍ လေဘေးဒဏ်ခံနိုင်ရည်မရှိသော အိမ်များအား ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)