မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများက ကော့ရွဲစေတီမြတ်ကြီး မွမ်းမံပြုပြင်နေမှုအား သွားရောက်ကြည့်ရှု

ချောင်းဆုံ  မတ် 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာအုပ်စုရှိ ကော့ရွဲစေတီမြတ်ကြီး ပြုပြင်မွမ်းမံနေမှုအား ယန့မွန်းလွဲ ()နာရီအချိန်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး မျိုးဆွေ၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ လှုမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စေတီတော် ပြုပြင် မွမ်းမံနေမှုအခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညှော်တိုက်ကျောင်း ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တ ဥူး ပညာဇောတိအားဖူးမျှော်ကြည်ညိုခဲ့ကာ အလှူရှင် ဦးလှထွန်းမှ ကော့ရွဲစေတီမြတ်ကြီး မွမ်းမံပြုပြင်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွန်အမှာစကားပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ရွဲ့စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)