သာပေါင်းမြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း(၅)မျိုး သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ

သာပေါင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း(၅)မျိုးသင်တန်းကို မတ်လ ၆ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည်။

နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးလာစေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို လေ့လာသင်ယူနိုင်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် နွေရာသီအခြေခံအားကစားနည်း(၅)မျိုး မြန်မာ့သိုင်းသင်တန်း၊ ရိုးရာခြင်းသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ဘောလုံးသင်တန်း၊ ပြေးခုန်ပစ်သင်တန်းတို့ကို နည်းပြဆရာများဖြင့် မတ်လ ၆ ရက်နေ့မှ စတင်ကာ နေ့စဉ် ညနေ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဘောလုံးအားကစားသင်တန်းသား အမျိုးသား(၄၂)ဦး၊ ရိုးရားခြင်းသင်တန်းသား အမျိုးသား(၁၈)ဦး၊ ပြေးခုန်ပစ် အားကစား အမျိုးသား(၁၇)ဦး၊ မြန်မာ့သိုင်း အားကစားသမား(၉)ဦး၊ အမျိုးသမီး(၆)ဦး၊ စာပွဲးတင်တင်းနစ် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၇)ဦး ပေါင်းသင်တန်းသား၊ သင်တန်းသူ(၁၀၈)ဦးတို့အား မတ်လ၂၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)