ရန်ကုန် စက်တင်ဘာ ၃၀
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သူများကိုQuarantine Centreများတွင် ထားရှိခဲ့ရာယခုအခါတွင်ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ်ဦးချစ်မောင်လမ်းရှိ၊ကျိုက္ကဆံ ဘတ်စကတ်ဘောအားကစားရုံနှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင်ထားရှိခဲ့ပြီးဖြစ်ပါသည်။
အဆိုပါQuarantine Centre များတွင်အသုံးပြုရန်အတွက်အလှူငွေများနှင့်ဆက်စပ်အသုံးဆောင်ပစ္စည်း များပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ၊ MYANMAR CENTER(HAGL)စီးပွါးရေးအုပ်စုကအလှူ ငွေကျပ်သိန်းသုံးဆယ်၊ ဗဟန်းမြို့နယ်ကျိုက္ကဆံရပ်ကွက်၊အနောက်မြင်းပြိုင်ကွင်းနေဦးသော်ဇင်ကျော်ဇနီး ဒေါ်ဖြူဖြူထွေးမိသားစုက အလှူငွေကျပ်ငါးသိန်း၊တက္ကသိုလ်ရိပ်မွန်၊ အခန်း(၉၀၃)ကွန်ဒို(ဘီ)နေ မနှစ်ဦးလာဘ်က အလှူငွေကျပ်သုံးသိန်း၊ ရုပ်ရှင်မင်းသားကြီးဦးညွှန်ဝင်းနှင့် သားသမီးများကအလှူငွေ ကျပ်တစ်သိန်းငါးသောင်း၊ ဆရာမဒေါ်စန်းစန်းနု(စိတ်တိုင်းကျ) မိသားစုကအလှူငွေ ကျပ်တစ်သိန်း၊ဆရာစံ ရပ်ကွက်၊သာယာဝတီလမ်းနေ၊ ဦးခင်မောင်ကြည်မိသားစုက၊ အလှူငွေကျပ်တစ်သိန်း၊ ဦးဇော်အောင်လှ ဇနီးဒေါ်ခင်စုရီမိသားစုက အလှူငွေကျပ်တစ်သိန်းနှင့် စေတနာရှင်အလှူရှင်များလှူဒါန်းငွေစုစုပေါင်းငွေကျပ် ငါးဆယ့်ကိုးသိန်းခုနှစ်သောင်းငါးထောင်ကျပ် (၅၉၇၅၀၀၀)နှင့်Maskများ၊Stan Funစသည့်ဆက်စပ် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါအလှူငွေများပေးအပ်လှူဒါန်းပွဲသို့၊ ဗဟန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနာယက၊ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းမြင့်၊ ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်၊(မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်ကော်မတီအဖွဲ့ဝင်များကလက်ခံရယူခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)