ဂွမြို့နယ်တွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို

ဂွ မတ် ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ယနေ့နံနက်ပိုင်းက  စာစစ်ဌာန(၃)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ ကျောင်း သား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ စာစစ်ဌာန(၃)ခု ဖွင့်လှစ်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး၊ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းပြင်ပလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်   စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၀၅) ဦး ရှိရာ ယနေ့ မြန်မာစာဘာသာအား စာစစ်ဌာန(၃)ခု၌ ဝင်ရောက်ဖြေဆိုသူ (၃၇၂)ဦး၊ ပျက်ကွက်သူ(၃၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေရည်ဝင်းကျော်