ဝါးခယ်မ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင် ဖြေဆို လျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခု၌ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၁၁၂၄) ဦးရှိပြီး ကျောင်းတွင်း ဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၁၀၁၀) ဦးရှိကြောင်း၊ ပျက်ကွက်သူ(၁၁၄)ဦးနှင့် ရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၂)ခုတို့၌ မြန်မာစာဘာသာရပ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများက အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)