မိုးညို မတ် ၈
၂၀၂၂ -၂ ၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းယနေ့မှနံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီကြာ ဖြေဆိုသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခုဖြစ်သည့် အ.ထ.က(မိုးညို)တွင် ကျောင်းသား/သူ(၁၃၄)ဦး၊ အ.ထ.က(ထိန်တော)တွင် ကျောင်းသား/သူ(၈၃)ဦး၊ အ.ထ.က(ရေကင်း)တွင် ကျောင်းသား/သူ(၆၇)ဦး၊ အထက(ပတ္တော်) တွင် ကျောင်းသား/သူ(၇၀)ဦး၊ အ.ထ.က(ဆင်မနိုင်)တွင် ကျောင်းသား/သူ(၃၄)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၃၈၈)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)