စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ စစ်ဆေးရေးဂိတ်(၃)ဂိတ်ဖွင့်လှစ်၍ ကိုဗစ် -၁၉ ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်

ချောင်းဦး စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တောကျောင်းကြီးကျေးရွာ ရှိဆင်ဖြူရှင် တံတားထိပ် မကွေးတိုင်းဒေသ ကြီးမှ ဝင်ရောက်လာသောကားများအား စစ်ဆေးနေသော ပူးပေါင်း စစ်ဆေးရေး ဂိတ်ဖွင့်လှစ် စစ်ဆေးနေသကဲ့သို့ မုံရွာ ဘက်မှ လာသော ကုန်တင်ကားများ စစ်ဆေးနိုင်စေရန် ခင်မွန်ရွာ ထိပ်မုံရွာ-မန္တလေးကားလမ်းမပေါ်၌ စစ်ဆေး ရေးဂိတ် တစ်ခု ဖွင့်လှစ်စစ် ဆေးသည်။

အောက်တိုဘာ(၁)ရက်နေ့မှစတင်ပြီးမုံရွာမန္တလေးကားလမ်းမကြီးပေါ်ရှိချောင်းဦးမြို့အဝင်ဂိတ်တစ်ခုထပ်မံဖွင့်လှစ်ပြီးစစ်ဆေးသွားရန်စီစဥ်နေကြောင်းသိရသည်။ယမန်နေ့ညနေပိုင်းကချောင်းဦးမြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဘော်နှင့်အဖွဲ့သည်တိုင်းကျော်ဝင်ပေါက်ဖြစ်သည့်ဆင်ဖြူရှင်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်သို့သွားရောက်ပြီးညပိုင်းစစ်ဆေးနေမှုကိုကြည့်ရှုကာတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့်ဆန်၃အိတ်နှင့်ဆီဗူးများ၊နှာခေါင်းစည်းနှင့်ဆပ်ပြာများ၊မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှထောက်ပံ့သည့်တာဝန်ကျသူများအားထမင်းနှင့်စားသောက်ဖွယ်ရာများကျွေးမွေးနိုင်စေရန်တစ်လစာငွေကျပ်(၈)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ချောင်းဦးမြို့နယ်တွင်ကိုဗစ်-၁၉အတည်ပြုလူနာ(၂)ဦးရှိပြီးချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတွင်ကုသပေးလျက်ရှိရာကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းမြို့နယ်ဆရာဝန်ကြီးထံမှသိရှိရပါသည်။မြို့ပေါ်နှင့်ကျေးရွာအုပ်စု(၃၂)အုပ်စုအတွင်းကာကွယ်တားဆီးအသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့မြို့အဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်များဖွင့်လှစ်စစ်ဆေးပြီးအထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင် ဘော် ထံမှသိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)