တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေဆိုမည့်​ စာစစ်ဌာနအနီးရှိ​နေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်

​ရွှေဘို မတ် ၇

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၁၀ ရပ်ကွက်၊ တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေဆိုမည့် စာစစ်ဌာနအနီးရှိ​နေအိမ်များအားခရိုင်/ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်ဖွဲ့ဝင် များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်၊ အဆောက်အဦးများ၊ စျေးဆိုင်များရှိ ပြည်သူ များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ် ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်း မပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန် စသည့် တို့ကို အသိပညာပေး ပြောကြားပြီး မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ သတင်းပို့ ပေးရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများအား တစ်အိမ်တက်ဆင်း ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)