တောင်တွင်းကြီး မတ် ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်လက်ရွေးစင် အားက စားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားထူးချွန်သော လူငယ်များပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် ဝါသနာပါရာကို လေ့လာနိုင်ရန် အခြားမလိုလားအပ်သော လမ်းကြောင်းများ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့အား ကစားကွင်း၌ ယနေ့ နံနက်က စတင်ကာ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ ကြက်တောင်၊ အေရိုးဗစ်၊ မြန်မာ့ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ် အားကစားနည်းများကို သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသော လူငယ်များအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်းတွင် လာရောက်သင်ကြားနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)