မုံရွာ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရအဖွဲ့နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ တောင်သူ (၁၀)ဦးအတွက် မြေယာလျောကြေးငွေ ကျပ်သိန်းပေါင်း (၄၉၅၆)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက မုံရွာစီးပွားရေးတက္ကသိုလ် အဆောင်(၈)ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြေယာလျော်ကြေးငွေရရှိသော တောင်သူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ မြေယာလျောကြေးပေးအပ်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုငက နိုင်ငံတော်အနေဖြင့် အများပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံတော် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဖြစ်သည့် ကျောင်းများ ဆေးရုံများအတွက် တောင်သူလယ်သမားများထံမှ မြေယာများ သိမ်းဆည်းမှုများ ရှိခဲ့ပါကြောင်း၊ ထိုကဲသို့ သိမ်းဆည်းထားသော မြေများ၏ ယခင်ပိုင်ပိုင်ရှင်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့်အညီ လျော်ကြေး၊ နစ်နာကြေးများ လျှင်မြန်စွာထုတ်ပေးခြင်းဖြင့် ပိုင်ရှင်များအတွက် ဥပဒေအရပေးအပ်သော ရပိုင်ခွင့်များနှောင့်နှေးမှု မရှိအောင် နိုင်ငံတော် အစိုးရမူဝါဒ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မုံရွာစီးပွားရေးတက္ကသိုလ်ကို ရွှေဇလုပ်ရပ်ကွက်နေ တောင်သူများ၏ လယ်ယာမြေများပေါ်တွင် တည်ဆောက်ခဲ့ရာ ထိုစိုက်ပျိုးမြေပိုင်ရှင်များအား ဥပဒေအရ မြေယာလျော်ကြေးများကို နှောင့်နှေးမှုမရှိ ခံစားနိုင်အောင် ယခုလို ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး မြေယာလျော်ကြေး ပေးအပ်ခဲ့ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြေယာလျော်ကြေး အတွက် ကျပ်သိန်းပေါင်း(၄၀၂၄၂)ချထားခဲ့ပြီး ၂၈.၉.၂၀၂၁ရက်နေ့တွင် ပထမအကြိမ် တောင်သူ (၃၉)ဦးအား (၁၃၇.၇၈)ဧကအတွက် ကျပ်သိန်းပေါင်း(၂၇၅၅၆) လျော်ကြေးငွေအဖြစ် ပေးအပ်နိုင်ခဲ့ပြီး ဒုတိယအကြိမ် တောင်သူ(၂)ဦးအား (၉.၃၈)ဧကအတွက် ကျပ်သိန်းပေါင်း (၁၈၇၆)သိန်းအား လျောကြေးငွေပေးအပ်နိုင်ခဲ့ပါကြောင်းနှင့် ယနေ့ တတိယအကြိမ် မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် ငွေကျပ်သိန်း(၂၀၀)နှုန်းဖြင့် တောင်သူ(၁၀)ဦး၏ (၂၄.၇၈) ဧကအတွက် ကျပ်သိန်းပေါင်း (၄၉၅၆)သိန်းကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ အငြင်းပွားမှု မပြီးပြတ်သေးသော တောင်သူ(၅)ဦး၏ (၂၉.၂၇)ဧကအတွက် ပေးရန်ကျန်ရှိငွေကျပ် (၅၈၅၄)သိန်းအား နိုင်ငံတော်ဘတ်ဂျက်သို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဥပဒေအရ အေးအပ်သော မြေယာလျော်ကြေးငွေရရှိသည့် တောင်သူများအနေဖြင့် မိမိတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကျိုးရှိစွာအသုံးပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသီတာကြူက ကျေးဇူးတင်စကား ပြောကြားပြီးနောက် မြေယာလျော်ကြေးပေးအပ်ပွဲကို ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တာဝန်ရှိသူများက တတိယအကြိမ်အဖြစ် တောင်သူ(၁၀)ဦး၏ (၂၄.၇၈) ဧကအတွက် ကျပ်သိန်းပေါင်း (၄၉၅၆)သိန်းကို အသီးသီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)