တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် (အ.ထ.က)ပေါင် စာစစ်ဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပေါင် မတ် ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် (အ.ထ.က)ပေါင် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စာစစ်ဌာနအတွင်း၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိမှု ဆောင်ရွက်ချက်အခြေအနေများ၊ မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေများနှင့် ဆေးပေးခန်းများထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ရန် ပေါင်မြို့နယ်၊ မီးသတဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုက အကြံပေးဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)