ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များ မှာကြားခြင်း အခမ်းအနားကျင်းပ

ဒေးဒရဲ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များမှာကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်() အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှစိုးက တက္ကသိုလ်ဝင်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး မြို့နယ်တာဝန်ရှိသူများက ဘက်ပေါင်းစုံက ဆောင်ရွက်ပေးလျက်ရှိရာ ဆရာ၊ ဆရာမများအနေဖြင့် မိမိကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းလင်းမှာကြားခြင်းနှင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို ကြီးကြပ်ရေးမှူးများနှင့် တိုင်ပင်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရေးစသည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မြို့ပေါ်နှင့် ကျေးရွာ စာစစ်ဌာန ()ခုတွင် ကျောင်းသား၊ ကျောင်းသူ (၅၄၅)ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း