မြို့သစ် မတ် ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်တို့မှ ရရှိသောစိုက်ပျိုးရေးဖြင့် ၂၀၂၃ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်းကို စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေဦးစီးဌာနရုံးမှ သိရသည်။
မြို့သစ်မြို့နယ်တွင်ကျေးရွာအုပ်စု(၅၂)အုပ်စုရှိကာ နွေစပါးစိုက်ပျိုးရန်ဆည်ရေရရှိသည့် တောင်သူများအနေဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ လုပ်ငန်းခွင်စတင်ဝင်ရောက်နေပြီဖြစ်ပြီး နွေစပါးလျာထားချက်ဧက ပြည့်မှီနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင် ရွက်လျက်ရှိသည်။
အဆိုပါနွေစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးရေးအဆက်မပြတ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကရိယာများငှားရမ်းပေးခြင်း စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေပေးခြင်းနှင့် ရုံးဝန်ထမ်းများက ကွင်းထဲအရောက် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(IPRD)