တောင်ပြိုလက်ဝဲ မတ် ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာန၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၆၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တောင်ပြိုလက်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား (၇၄) ဦးနှင့် ကျောင်းသူ (၈၇) ဦး၊ စုစုပေါင်း (၁၆၁) ဦးတို့ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနမှ သိရသည်။
သိန်းနိုင်(ပြန်/ ဆက်)