တောင်ငူမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

တောင်ငူ မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မွေးကင်းစအရွယ်မှ အသက်တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို အမှတ် ၁၅ ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာနတွင်  ယနေ့နံနက် ၉ နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမအကြိမ်)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) (ပထမအကြိမ်)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)(ပထမအကြိမ်)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကို လည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယအကြိမ်)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)(ဒုတိယအကြိမ်)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (ဒုတိယအကြိမ်)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယအကြိမ်)ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယအကြိမ်)၊ ပြင်းထန်အဆုတ် ရောင် (ပီစီဗီ) (တတိယအကြိမ်)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယအကြိမ်) ကိုလည်းကောင်း၊ အသက် (၉)လ အရွယ် ကလေးငယ်များကိုဝက်သက်-ဂျိုက်သိုး(ပထမအကြိမ်) ကာကွယ်ဆေးနှင့် အသက်(၁) နှစ်ခွဲ ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ဒုတိယအကြိမ်)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) (စတုတ္ထအကြိမ်) စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်းနှင့် ယနေ့တွင် နံနက်(၉)နာရီအချိန်မှ မွန်းလွဲ(၃)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

ခရိုင် ပြန်/ဆက်