ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေး

ကြံခင်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး ယမန်နေ့  နေ့လည်ပိုင်းက  ကြံခင်းမြို့နယ်အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကြံခင်းမြို့နယ်အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင် များအား  မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရန်၊  စက်သုံးဆီများ သိုလှောင်ထားခြင်း မပြုလုပ်ရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော ရေသိုလှောင်ကန်၊ သဲအိတ်၊  မီးချိတ်၊ မီးကပ်နှင့် (DCP)မီးသတ်ဆေးဗူးအား   သတ်မှတ်စံနှုန်းနဲ့အညီ ထားရှိရန်နှင့်  မီးငြှိမ်းသတ်နိုင်ရန် အသုံးပြုပုံများ၊  မီးလောင်မှု  မဖြစ်ပွားစေရန်  မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ကြကြောင်းနှင့်  ကြံခင်းမြို့နယ်အတွင်းရှိ  စက်သုံးဆီ  အရောင်းဆိုင်များအား ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)