ဂွ မတ် ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် (တပေါင်းလပြည့်နေ့) ညနေပိုင်းက မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။
ထိုသို့ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပင့်သံဃာ (၁၁၈) ပါးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းများမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များ၊ စေတနာသဒ္ဒါတရား ထက်သန်သည့် ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ဝတ္ထုပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်