မင်းလှမြို့တွင်အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ တိုးချဲ့ဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း‌ ကျော်ဆေင်ရွက်ပြီးစီး

မင်းလှ မတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေခွင့်ပြုငွေ (၉၉.၉၀၀)သန်းဖြင့် ဆောင်ရွက်သည် တိုးချဲ့ကျောင်းဆောင်သစ်(၁) ထပ်ဆောင်လုပ်ခြင်းလုပ်ငန်းမှာ ၅၀ ရာခိုင်နူန်း ကျော်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတိုးချဲ့ကျောင်းဆောင်သစ် အရှည် ၁၂၀ ပေ၊အကျယ် ၃၀ ပေ၊ အမြင့် ၁၇ ပေ စာသင်ခန်း(၄) ခန်းတွဲပါရှိသည့် (Steel Structure) အမျိုးအစားလုပ်ငန်းအား Ns Future ကုမ္ပဏီမှ ၂၀၂၂ ခုနှစ်၊‌ဩဂုတ်လအတွင်းမှ တာဝန်ယူစတင်တည်ဆောက်ခဲ့ရာ ယမန်နေ့ထိ ၅၀ ရာခိုင်နှုန်း ကျော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်၊ မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း တိုးချဲ့ကျောင်းဆောင်သစ်ဆောက် လုပ်ပြီးစီးပါက ကျောင်းသားဦးရေ(၂၀၀) နီးပါးခန့် တတ်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(ပြန်/ ဆက်)