ဘူးသီးတောင်မြို့နယ် ဗျာဒိတ်တော်ရ လက်ဝဲ၊ လက်ဖန်အောင်မင်္ဂလာစေတီတော်မြတ်၌ ဆွမ်းဆန်တော် လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဘူးသီးတောင် မတ် ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ဂန္ဓမာကျေးရွာရှိ အောင်မင်္ဂလာစေတီတော်ကြီးကျောင်းဝင်းရှိ လက်ဝဲ၊ လက်ဖန်တော် ဓာတ်စေတီတော်မြတ်ဝင်း အတွင်း၌ ကျင်းပသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပင့်သံဃာ(၁၂၀)ပါးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းများမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း၊ အဆိုပါ ဗျာဒိတ်တော်ရ လက်ဝဲ၊လက်ဖန်အောင်မင်္ဂလာစေတီတော်ကြီးတွင် နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)