ချောက် မတ် ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော်ကြီး၊ သကျမုနိဆုတောင်းပြည့်မြတ်စွာဘုရား (၆၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါသာသနာ့ဗိမာန်တော်ကြီးရှေ့၌ ကျင်းပသည်။
အဆိုပါသာသနာ့ဗိမာန်တော်ကြီး၊ သကျမုနိဆုတောင်းပြည့်မြတ်စွာဘုရား (၆၅)ကြိမ်မြောက်၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် မြတ်စွာဘုရားအပါ ချောက်မြို့နယ်အတွင်းရှိ ပင့်သံဃာတော်(၈၁၉)ပါးနှင့် သီလရှင်ဆရာလေး(၁၂၈)ပါး၊ စုစုပေါင်း(၉၄၇)ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော် ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်(၁၅) ရပ်ကွက်မှ စေတနာရှင်ပြည်သူများက ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)