ပန်းတောင်း မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကျေးလက်လမ်း ဖောက်လုပ်မည့် မြေနေရာကွက်အား တောင်သူများနှင့် ယမန်နေ့နေ့လယ်ပိုင်းက တွေ့ဆုံညှိနှိုင်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေး ကျေးလက်လမ်းမြေနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီ၊ ဗိုလ်ကြီးမျိုးကိုသန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးတို့သည် ကိုင်းကြီး တောင်ကိုင်း၊ ဘူးဘက်နှင့်ပုသိမ်-မုံရွာလမ်းသို့ ဖောက်လုပ်မည့်ဒေသဖွံ့ရေး ကျေးလက်လမ်း မြေနေရာအတွက် ဘူးဘက်ရွာတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ သဒ္ဒါကြည်ဖြူစွာဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဘူးဘက်ရွာတောင်သူများမှ လှူဒါန်းသောမြေနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ကျော်ညီ နှင့်အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ဒေသဖွံဖြိုးရေး ကျေးလက်လမ်းဖောက်လုပ်ပြီးစီးပါက ကိုင်းကြီးအုပ်စုတွင်းရှိ ဒေသခံများ ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)