ရေတာရှည်မြို့နယ်တွင် မြစိမ်း​ရောင်စီမံကိန်း အတိုးရ​ငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရေတာရှည် မတ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မတ်လ ၃ ရက်​နေ့တွင် မြို့နယ်အတွင်းရှိ  ကျောက်​ချောင်း​ကျေးရွာနှင့်ဘိုးကြာညိုကျေးရွာများသို့ ကွင်းဆင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်   မြစိမ်း​ရောင် စီမံကိန်းအတိုးရ​ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း များအား စစ်ဆေးခြင်း၊ ကျေးရွာ​ကော်မတီဝင်များဖြင့် တွေ့ဆုံဆွေး​နွေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ​ခေတ္တမြို့နယ် ဦးစီးမှူး ဦးကျော့မောင်မောင် ဦးဆောင်သော ဝန်ထမ်းအဖွဲ့သည် ကျောက်​ချောင်းကျေးရွာ၌ မြစိမ်း​ရောင်အတိုးရ​ငွေကျပ်သိန်း ၉၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၇၀၀ ပေ ×  ၁၂ ပေ × ၆ လက္မရှိ ကျေးရွာတွင်းလမ်း ကျောက်ရော မြေခင်းခြင်း လုပ်ငန်းကိုလည်း​ကောင်း ဘိုးကြာညို​ကျေးရွာ၌ မြစိမ်း​ရောင် အတိုးရ​ငွေ ကျပ် သိန်း ၁၂၀ မှ ကျပ်  ၈၇ သိန်း ၅ သောင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်   ၂၇၀၀ပေ ×  ၁၂ ပေ× ၆ လက္မရှိ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်း၊ ကျပ် ၈ သိန်း ဖြင့်  ၁.၅ ပေ × ၂၀ ပေ ရှိသည့်  ရေပြွန်  ဆောင်ရွက်မှုနှင့် ကျပ် ၂၄ သိန်း ၅ သောင်းဖြင့် ၄ ပေ ၆ လက္မ ×  ၂၀ ပေ × ၃ ပေ ၈ လက္မရှိ တံတားတစ်စင်း ဆောင်ရွက်မှု လုပ်ငန်းများကိုလည်း​ကောင်း သတ်မှတ်စံချိန်စံညွှန်း၊ အတိုင်းအတာပြည့်မီခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ကော်မတီဝင်များနှင့် တွေ့ဆုံဆွေး​နွေးခဲ့​ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)