ကျိန္တလီမြို့ အ-ထ-က ကျောင်း စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျိန္တလီ မတ် ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကျိန္တလီနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိန္တလီနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညိုက ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အ-ထ-က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် ကျောင်းသား/သူများအား အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမွန်ခြင်းရှိ/မရှိ၊ မီးခလုပ်များ၊ မီးသီးများကို စနစ်တကျ ရှိစေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း ကျိန္တလီမြို့၊ နယ်မြေမီးသတ်စခန်းသို့ အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးကြရန်တို့ကို ကွင်းဆင်းစစ်ဆေး လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဇော်လင်း(ပြန်/ဆက်)