အမ်းမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

အမ်း မတ် ၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊  အ.ထ.က (၃)နှင့်အ.ထ. က တပ်တောင် ကျောင်းများ၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန် ယမန်နေ့ နေ့လည်အချိန်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေး ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများက တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့်   ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန် ကျောင်းဝင်းအတွင်း မီးသတ် ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စာသင်ဆောင်အတွင်း/အပြင်တွင် လျှပ်စစ်မီးများသွယ်တန်းထားရှိမှု ခြေအနေများကြည့်ရှုပြီး ကျောင်းပတ်ဝန်းကျင်တွင် မီးလောင်လွယ်သောချုံနွယ်၊ အမှိုက်သရိုက်များအား စနစ်တကျ သန့်ရှင်းရေးပြုလုပ်ထားကြရန်နှင့် မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်း ပြသ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)