ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အတွင်းဖြေ၊ နှင့်ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါနအနေဖြင့် ဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိ

ငပုတော  မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် အတွင်းဖြေနှင့် ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါနအနေဖြင့် ဘာသာရပ်များကို ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အထက်တန်း ကျောင်း(ခွဲ)များတွင် သက်ဆိုင်ရာ ဘာသာရပ်သင်ဆရာ၊ ဆရာမများကဘာသာရပ် များ သင်ကြားပို့ချပေးလျက်ရှိသည်။

ထိုသို့ ပညာဒါနအနေဖြင့် ဘာသာရပ်များအား သင်ကြားပို့ချပေးလျက်ရှိရာ တက္ကသိုလ်ဝင် စာ‌မေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ငပုတောမြို့နယ် အတွင်းရှိ၏ အ​ခြေခံပညာ အထက်တန်းကျောင်း အထက- ငပုတော ၌  ကျား (၂၁)ဦး ၊မ(၂၃)ဦး စုစု​ပေါင်း(၄၄)ဦး၊ အထက- အရိုးဒါးစာစစ်ဌာန၌  ကျား(၁၀)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၂၃)ဦး၊ အထက- ပြင်ခရိုင်စာစစ်ဌာန၌

ကျား(၁၁)ဦး၊  မ (၂၀)ဦး၊ စုစုပေါင်း(၃၁)ဦး၊ အထက- ကျောက်ကလပ် စာစစ်ဌာန ၌ ကျား (၁၄)ဦး၊ မ (၁၇)ဦး၊ စုစုပေါင်း(၃၁)ဦး၊ စုစုပေါင်း (၁၂၉)ဦးအားနံနက် (၉)နာရီ ခွဲမှ  ညနေ (၃) နာရီခွဲအချိန်အထိ ဆရာ၊ ဆရာမများက ပညာဒါနအနေဖြင့် ဘာသာရပ်များအား  သင်ကြားပို့ချ ပေးလျက်ရှိကြောင်း  သိရှိရသည်။

အောင်သူ(ပြန်/ဆက်)