ဒက္ခိဏသီရိ မတ် ၃
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဇော်ဝိတ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းသန့်ကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနနှစ်ခုဖြစ်သည့် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲခန်းများပြင်ဆင်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဗူးများစီစဉ်ထားရှိမှု၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)