ရွှေတောင် မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုးသောတောင်သူများအား ဓာတ်မြေသြဇာနှင့်ပေါင်းသတ်ဆေးများကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မာလာမြိုင်ကုမ္မဏီက ထုတ်လုပ်သော နေရွက်လှေကွန်ပေါင်းမြေသြဇာ ၁၅ ပတ်လည် တစ်ဧကလျှင် တစ်အိတ်၊ မာလာမြိုင်မိုးသီးယူရီးယား တစ်ဧကလျှင် အိတ်ဝက်နှင့် မာလာမြိုင်ကာပေါင်းရှင်း ပေါင်းသတ်ဆေးတစ်ဧကလျှင် (၄)ထုပ်နှုန်းဖြင့် ဧက(၁၇၀)ဧကအတွက် ကျေးရွာအုပ်စု(၄)အုပ်စုရှိ နွေစပါးစိုက်တောင်သူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လာမည့်မိုးစပါးတွင်လည်း ဧကတိုးမြှင့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)