ပဲခူး မတ် ၁
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာ(၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်က ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် လုပ်ငန်းဆောင်ရွက်မှုအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်များမှ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများက ၂၀၂၂ ခုနှစ်အတွင်း မိမိတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့ကာ ရှေ့လုပ်ငန်းစဉ် (၉) ရပ်နှင့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ဇယားများကို ရှင်းလင်ပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)