မြောင်းမြ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးဒေါင့်မြို့နယ်၊ ဝါဒူးကျေးရွာတွင် ကျင်းပမည့် (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြခန်းများပြသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မြောင်းမြခရိုင်မှ ပြသမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs ဒေသထွက်ကုန်ပစ္စည်းများ ပြသနိုင်ရေးအတွက် သွားရောက်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြောင်းမြခရိုင် အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs ဒေသ ထွက်ကုန်ပစ္စည်းများအား သက်ဆိုင်ရာဌာနများမှ ပြင်ဆင်ဆောင်ရွက်လျှက်ရှိရာ ခရိုင်အတွင်း ကြက်၊ ဝက်၊ ငါး မွေးမြူမှုလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ၊ မြို့နယ်အလိုက် MSMEs ဒေသ ထွက်ကုန်ပစ္စည်းများ၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးရေရရှိရေးအတွက် Solar စနစ်ဖြင့် ရေတင်ခြင်း၊ ရေဖျန်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ခရိုင်အတွင်းရှိ စက်ရုံအလုပ်ရုံများနှင့် ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက် နေကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)