မြန်အောင် ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျွဲခေါင်းကြီးတာ တာထိပ်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အလျား ပေ ၃၉၀၀ ဆောင်ရွက်ပြီးစီးကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကျွဲခေါင်းကြီးတာ မြန်အောင်တာမိုင် ၂၉/၇+၃၃၀ နှင့် ၃၀/၄ အတွင်း မြေကြီး ကျင်းပေါင်း ၃၄၄၀ ကျင်း အသုံးပြု၍ တာထိပ်အကျယ် ၁၂ ပေ၊ အလျား ၃၉၀၀ ပေ ကို ပျမ်းမျှအမြင့် ၂ ပေ ၉ လက်မ တာထိပ်ဆင့်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၃.၅၂၁) ဖြင့် အောင်ထူးအေး ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ တာအမြင့်မှာ ပျမ်းမျှ ၁၄ ပေခန့် အထိရှိကြောင်း သိရသည်။
မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် ကျွဲခေါင်းကြီးတာ (မူလတာအဟောင်း)မှာ မြစ်ကမ်းနှင့် နီးကပ်လျက်ရှိပြီး ကမ်းပြိုကမ်းစားမှုဖြစ်ပေါ်နေသောကြောင့် (၂၀၁၈-၂၀၁၉) ခုဘဏ္ဍာရေးနှစ်က ဆောင်ရွက်ထားသည့် ယခုကျွဲခေါင်းကြီး တာ (ပန်းတာ)အား တာကြံ့ခိုင်ရေးကောင်းမွန်စေရန် တာထိပ်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာနမှ ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရသည်။
ဝင်းဗိုလ် မြန်အောင် ပြန်/ဆက်