လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာ လောကသရဖူစေတီတော် မြတ်ကြီးဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကဆရာတော်များ၊ ဒကစ (ပြည်) မှဒေသကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ အမတ(၅၀၉) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းနိုင်စိုးနှင့်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်သံဃာတော်များထံမှ ငါးပါးသီလတရား‌တော်နာယူဆောက်တည်ပြီး ဌာပနာထည့်သွင်းပူဇော်မည့်ပစ္စည်းများကို စေတီတော်အား လက်ယာရစ် (၃)ပတ် လှည့်လည်ပူဇော်၍ လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတိုက်အတွင်းသို့ ထည့်သွင်းပူဇော်ခဲ့ကြောင်း သိရသည်။

ကိုကို မင်း (ပြန် / ဆက်)