ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးသင့်အိမ်ထောင်စုများအတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့က ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ မီးဘေးသင့်အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့်အဖွဲ့က မီးဘေးသင့်အိမ်ထောင်စု(၁၂)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲ တို့အား လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များက ကျောက်ချက်ကျေးရွာရှိ မီးလောင်ကျွမ်းခဲ့သော နေရာများအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)