အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကောင်းကင်စွန်းက နေဝန်းနီ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတများစွာရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ကောင်းကင်စွန်းက နေဝန်းနီ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club)နာယက ရန်နောင်(ပညာရေး)နှင့် ဥက္ကဋ္ဌဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)တို့က အမှာစကား အသီးသီးပြောကြားသည်။

မောင်နွယ်မြင့် ရေးသားထားသည့် ကောင်းကင်စွန်းက နေဝန်းနီ စာအုပ်ကို စာရေးဆရာ မောင်နွယ်မြင့်က ပါဝင်ဆွေးနွေးခဲ့ပြီးကောင်းကင်စွန်းက နေဝန်းနီ စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို မောင်မောင်ဝင်းမြင့်(မှုခင်း)၊ ဝင်းနွယ်(ပုသိမ်)၊ ခင်နွဲ့မူ(အင်းစိန်)၊ ရွှေဘုတ်(အင်းစိန်)၊ မဦးခင်လှ(စီးပွားရေး)၊ ရန်မိုးအောင်(အင်းစိန်)နှင့် တက်ရောက်လာသူများက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club)နာယက ဦးသက်တင်က နိဂုံးချုပ် စကားပြောကြားသည်။ စာဖတ်ဝိုင်းသို့ စာပေဉယျာဉ်အသင်း (Book Club)မှ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ ဆက်)