လှိုင်းဘွဲ ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အား စိန်ဖူးတော်ရွှေထီးတော်များကို အများပြည်သူ ဖူးမျှော်ကြည်ညိုနိုင်စေရန်အတွက် လှည့်လည်ပူဇော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သာလင်းအေး စေတီတော်မြတ်ကြီး စိန်ဖူးတော် ရွှေထီးတော်ကြီးနှင့် အရံစေတီတော် (၄၄)ဆူတို့၏ ရွှေထီးတော်များအား လှည့်လည်ပူဇော်ခံခြင်းကို ပြည်သာလင်းအေး စေတီတော်မြတ် ကြီး ဂေါပကအဖွဲ့ဝင်များက ဦးဆောင်ကာ အများပြည်သူဖူးမျှော်ကြည်ညိုနိုင်စေရန်နှင့် အလှူငွေများ လှူဒါန်းနိုင်ရန်အတွက် ကြာအင်းကျေးရွာမှ တစ်ဆင့်မြိုင်ကြီးငူအထူးဒေရှိ ကျေးရွာများ၊ ရွှေဂွန်း ကျေးရွာကားလမ်းမကြီးတစ်လျှောက်ကျေးရွာများ၊ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လှည့်လည်ပူဇော်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း လှည့်လည် ပူဇော်ပေးလျက်ရှိကြောင်းသိရသည်။
စောဒိ(ပြန်/ဆက်)