သံတောင်ကြီးမြို့တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဝက်မွေးမြူခြင်း လုပ်ကိုင်

သံတောင်ကြီး ဖေဖော်ဝါရီ ၂၄

ကရင်ပြည်နယ် ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြသော်လည်းမိသားစုအပိုဝင်ငွေ ရရှိစေရန် အိမ်မှုကိစ္စတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသမီးများက တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို တစ်ပိုင်တစ်နိုင် မွေးမြူကြကြောင်း သိရသည်။ 

ဒေသဝက်များကို အိမ်တွင်နေခြင်းဖြင့် အပိုဝင်ငွေရရှိစေရန်အတွက်  မွေးမြူခြင်းဖြစ်ကြောင်း၊  ဝက်မ()ကောင် ရှိလျှင် သားပေါက်ပါက  အနည်းဆုံး(၁၅)ကောင်မွေးသည့်အတွက်   တစ်နှစ်လျှင် ဝက်များမှ  ရသောအမြတ်ငွေမှာ(၁၀) သိန်းခန့် ရရှိကြောင်း၊ ဝက်သားပေါက်(၄၅)ရက်ပြည့်လျှင် ရောင်းချပြီး တစ်ကောင်ကိုကျပ် (၁၂၀၀၀၀)ခန့် ရရှိကြောင်း၊  ဝက်သားပေါက်တစ်ကောင်မွေးမြူပါက တစ်နှစ်လျှင် အချိန်(၅၀)ပိဿာမှ (၆၀)ပိဿာအထိ ထွက်ရှိပြီး ဝက်သားတစ်ပိဿာ ကိုကျပ်(၁၅၀၀၀)အထိ ရရှိသည့်အတွက်   မိသားစုအပိုဝင်ငွေရရှိကြောင်း  တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းဖြင့်ဝက် မွေးမြူခြင်းလုပ်ကိုင်နေသော ဒေါ်နော်စိမ်းကလျာထံက သိရသည်။

နော်နော်မူ