မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်းမွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲတက်​ရောက်

မုဒုံ ဖေ​ဖော်ဝါရီ ၂၄

မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့၊ ​ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ MSMEs Talk Show စကားဝိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် “မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ​ဒေသထွက် ကုန်ကြမ်းများ ထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွား​​ရေးလုပ်ငန်းများ ​ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အား​ပေး​လျက်ရှိ​​ပြီး  တီထွင်ဆန်းသစ်မှုနှင့် အရည်အ​သွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုး​ဖောက်နိုင်မှုဖြင့် အလားအလာ​ကောင်းများ ​ပေါ်ထွန်းလာ​စေ​ရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များရဲ့ အားနည်းချက်၊ အားသာချက်များကို သိရှိပြီးလိုအပ်သည့် ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ MSMEs Talk Show စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်​ရခြင်းဖြစ်​ကြောင်း၊ စကားဝိုင်းဆွေးနွေးပွဲမှ ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်မည့် လုပ်ငန်းဈေးကွက်အခိုင်အမာရရှိရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် လိုအပ်သည့်အခက်အခဲနှင့် မတည်ရင်းနှီးငွေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ဆောင်ရွက်နိုင်မှုအ​ခြေအ​နေ၊ စွန့်ဦးတီထွင် လုပ်ငန်းအခန်းကဏ္ဍများအ​ပြင်များစွာ အကျိုးဖြစ်ထွန်းသည့်ရလဒ်​ကောင်းများ ပေါ်ထွက်လာမယ်လို့ ယုံကြည်မိပါကြောင်း”  ​ပြောကြားပြီး ပြည်နယ်စီးပွား​ရေးရာ ဝန်ကြီးနှင့် မွန်ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အတွင်း​ရေးမှူးက မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်​ကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်​ရေးအတွက် ကဏ္ဍအလိုက်​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအားလည်း​ကောင်း ရှင်းလင်းဆွေး​နွေးခဲ့ကြသည်။

ဆက်လက်၍ စကားဝိုင်း ဆွေးနွေးပွဲကိုပြုလုပ်ရာ တက်​ရောက်​ဆွေး​နွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍ၊​​ မြေယာကဏ္ဍ၊ ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်​ရေးကဏ္ဍ၊​ စျေးကွက်ရရှိ​ရေး ကဏ္ဍ၊ အခွန်ကဏ္ဍ၊ ဘဏ်လုပ်ငန်းများကဏ္ဍ၊ လူ့အစွမ်းအားအရင်းအမြစ်ဖွံဖြိုး​ရေး ကဏ္ဍ၊ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍  ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို ​မေးမြန်းခြင်း၊ ပြန်လည်​ဖြေကြားခြင်း၊ ဖြည့်စွက်အကြံပြု ​ဆွေး​နွေးခြင်းနှင့် လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ပေးခြင်းတို့အား ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

မုဒုံသူ (ပြန်/ ဆက်)